ကော့မှူးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကော့မှူး ဇန်နဝါရီ ၂၁

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာပြီး လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှု တိုက်ဖျက်ရေးအသိ ပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင်  လူကုန်ကူးမှုဥပဒေဆိုင်ရာ ဖွင့်ဆိုချက်များ၊ ဖြစ်ပွား သည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ ရွေ့ပြောင်းသွားလာ ခြင်း Migration၊ ခေါင်းပုံဖြတ်ခြင်းများ၊ ရွှေ့ပြောင်းသွားလာခြင်းဖြင့် လူကုန်ကူးခြင်း၊ လူကုန် ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးခံရ ခြင်းကြောင့် ရရှိသော ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများစသည့် အကြောင်းအရာများအား ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လာ ရောက် လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး