သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

သီပေါ  ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊  ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ဇန်နဝါရီလ ၂၁ ရက်နေ့ မှ ၂၈ ရက်နေ့အထိ   နံနက် ၇ နာရီမှ မွန်းလွဲ၂နာရီအတွင်းဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထပ်မံ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်တွင် အငြိမ်းစား ပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၂၆၀) ဦးရှိပြီး ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)