သတင်းများ

တောင်ငူ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ သည်။
လွိုင်လင်မြို့ သာသနဝိပုလစာသင်တိုက်(ဓာတ်တောင်ကျောင်း)ဗုဒ္ဓအာနန္ဒာကောလိပ် သို့ ဆန် ၊ဆီ နှင့် အလှူငွေများလှူဒါန်း
Jan 23,2022
  ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လွိုင်လင်မြို့ သာသနာ့ဝိပုလစာသင်တိုက်(ဓာတ်တော်ကျောင်း)ဗုဒ္ဒအာနန္ဒာကောလိပ်သို့ ဆွမ်းဆန်တော် ၈ အိတ်၊ ဆီ ၁၀ ပိဿာနှင့် နဝကမ္မအလှူငွေ ၈၀၀၀ဝိ/-(ကျပ်ရှစ်သောင်းတိတိ)ကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 23,2022
  မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူငယ် လူရွယ် ကလေးငယ်များအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သည်များကို သိရှိလေ့ လာ မှတ်သားနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် ကြခတ်ကွေ့ကျေးရွာအုပ်စုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၇၆)ကတ်ကို နေ့ချင်းပြီး ဆောင်ရွက်ပေး 
Jan 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကြခတ်ကွေ့ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်
Jan 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်နိုင်ရေး ဆွေးနွေး
Jan 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြန်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ လူငယ်များနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ခေါင်လန်ဖူးမြို့၌ အရန်သားဖွားများ မွမ်းမံသင်တန်းဖွင့်လှစ်
Jan 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် HPAကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ အရန်သားဖွားများ မွမ်းမံသင်တန်းကို  ခေါင်လန်ဖူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။