သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Dec 04,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်ကွာဟမှုများ ကျဉ်းမြောင်းလာစေရေးနှင့် ကျေးလက်ဒေသနေ ဒေသခံ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေရေး ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျလုပ်ကိုင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် VDP စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့တွင် ယာဉ်ရပ်နားစခန်း မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယာဉ်ရပ်နားစခန်း မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြေပြုပြင်နေမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
နတ်မောက် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းကျဆင်းလာ
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု များလာပြီး တမံရေပိုလွှဲမှ  ယနေ့ နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ (၀ ဒဿမ ၂)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖောက်လုပ်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကွင်းဆင်းကြည့်ရှု
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း ကျေးရွာချင်းဆက်လမ်း (၄ မိုင်)အား သွားလာရေး ခက်ခဲသဖြင့် ကိုယ့်အားကိုယ်ကိုး တကြောင်းထိုးမြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၊ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 04,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုဂေါဇွန်းကျေးရွာအုပ်စု၊ သဗြေဇွန်းကျေးရွာတွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း၌ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခဲ့ရာ ၈၀ ရာခိုင်နှုန်း အောင်မြင်ဖြစ်ထွန်း
Dec 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အရည် အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကက်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၃၂၊ ရွာမကွင်း၊ ဦးပိုင်အမှတ် - ၄၂ - ၁၊ တောင်သူဦးထွေးလင်း၏ မိုးစပါးစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုအား တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူများ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အာရ်စီနှစ်ထပ် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်အား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီလုပ်ငန်းအရည်‌အသွေး ပြည့်မီမှုရှိ/မရှိကို ယမန်နေ့ က မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။