သရက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို “ထာဝရအလှ ပင်လုံ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဇန်နဝါရီ ၂၆ ရက်နေ့တွင်ဆုများ ချီးမြှင့်ပေးသွား မည်ဖြစ်သည်။
သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ် လူရွယ်များအား ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့် တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများအား လစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)