အိမ်မဲ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကြခတ်ကွေ့ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြောင်းမြခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြိုင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့်အသုံးဝင်ပုံ၊ အိမ်ထောင်စုလူဦးရေစာရင်း အရေးကြီးပုံတို့အား အကျယ်တဝံ့ဟောပြောပေးခဲ့သည်။ ဆက်လက်ပြီး မြောင်းမြခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်း(၅)ဦးတို့သည် ကြခတ်ကွေ့ကျေးရွာအုပ်စုမှ အသက်(၁၀)နှစ်ပြည့် ၃(က) ကျား (၅၇) + မ (၆၈) = ၁၂၅ ဦး၊ အသက်(၁၈)နှစ်ပြည့် ၆(က) ကျား (၆) + မ (၁၁) = ၁၇ ဦး၊ လဲလှယ် ကျား (၉) + မ (၉) = ၁၈ ဦး၊ မိတ္တူ ကျား (၁၀) + မ (၆) = ၁၆ ဦး၊ စုစုပေါင်း ကျား (၈၂) + မ (၉၄) = ၁၇၆ ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"အိမ်မဲမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၇)အုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ (၆၇၉၇)ဦး (လျာထား)ရှိတဲ့အနက် မြို့နယ်လဝကရုံးမှ ပန်းခင်းစီမံချက်နဲ့ ၂၀၂၁ ခုနှစ်မေလ (၃)ရက်နေ့ကစတင်ပြီးယနေ့အထိမြို့ပေါ်(၅)ရပ် ကွက်နဲ့ကျေးရွာအုပ်စု(၉၅)အုပ်စုက နိုင်ငံသားစိစစ်ရေးကတ်ပြား အသက်(၁၆)နှစ်၊ အသက်(၁၈)နှစ်၊ (၁၈)နှစ်အထက် စုစုပေါင်း (၄၂၆၆) ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၁၀)ခု ရာခိုင်နှုန်းအားဖြင့် ၆၂ ဒသမ ၇၆ ရာခိုင်နှုန်းထိဆောင်ရွက်ပြီးစီးကြောင်း" မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ (လဝက)ဦးစီးမှူးဦးအောင်နိုင်ဦးပြောကြားချက်အရသိရသည်။
အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့်ကျေးရွာများအရောက် ကွင်းဆင်းအဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက်သလိုဦးစီးဌာနရုံးတွင်လည်း ပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်