Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုးညိုမြို့နယ်အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်
Jan 23,2022
ပဲခူးတိုင်း ဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂)ကို ယနေ့ နံနက် ၈ နာရီအချိန်ခွဲက သခင်လှရှိန် ရပ်ကွက်ရှိ မဟာသုမ င်္ဂလသီဟကြေးသွန်းဘုရားကြီးဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆပ်ပြာအရည်ပြုလုပ်နည်း အသိပညာပေး Online ဝန်ဆောင်မှုပြုလုပ်
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် Woman Club အဖွဲ့ဝင် ဒေါ်အမ်ဘရားတို့မှ ဆပ်ပြာအရည်ပြုလုပ်နည်းအသိပညာပေး Online ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၈)ကြိမ်မြောက်၊ တာချီလိတ်မြို့ အထောက်အကူပြု ကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် (၁၂၀၀)ဦးအတွက် ထမင်းဘူးများလှူဒါန်း
Jan 23,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်းရှိ အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် (၁၂၀၀)ဦးအတွက် ထမင်းဘူးများကို မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ ရန်အောင်မြေ(ပါလျှံ ၁)ရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်၌ သွားရောက်ဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Book Clubအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Jan 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့၀င်များ၏စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ နေပြည်တော်ကောင်စီအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲကျင်းပမည်
Jan 23,2022
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာ ကာ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင် စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည် တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပျဉ်းမနားမြို့၊ ပေါင်း လောင်းအားကစားခန့်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ရွာတော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ရွာတော် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Jan 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပါလောပါ ကယ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21326
Page
21327
Page
21328
Page
21329
Current page
21330
Page
21331
Page
21332
Page
21333
Page
21334
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department