လွိုင်လင် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လွိုင်လင်မြို့ သာသနာ့ဝိပုလစာသင်တိုက်(ဓာတ်တော်ကျောင်း)ဗုဒ္ဒအာနန္ဒာကောလိပ်သို့ ဆွမ်းဆန်တော် ၈ အိတ်၊ ဆီ ၁၀ ပိဿာနှင့် နဝကမ္မအလှူငွေ ၈၀၀၀ဝိ/-(ကျပ်ရှစ်သောင်းတိတိ)ကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့လှူဒါန်းရာတွင် ရှေးဦးစွာ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒအား ဩကာသကန်တော့ချိုးဖြင့် ရှစ်ခိုးပြီးနောက် ငါးပါးသီလခံယူကြ သည်။ယင်းနောက် လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မအလှူငွေများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး