ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူငယ် လူရွယ် ကလေးငယ်များအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သည်များကို သိရှိလေ့လာ မှတ်သားနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် လူထုအခြေပြု ဗဟို ဌာန CommunityCentre ခန်းမ၌ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဒေါ်နှင်းကြည်နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်ဒေါ်နန်းညွန့်ညွန့်ဆွေတို့မှ မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံနှင့် မူးယစ်ဆေးဝါး အမျိုးအစားများ မူးယစ်ဆေးဝါး၏ အန္တရာယ်ဆိုးကျိုးများ တရားမဝင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်ဥပဒေများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး