ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Jan 22,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် (ပြန်/ဆက်) ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်ဇာစိုးတို့ တက်ရောက်ကြသည်။