ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယာဉ်ရပ်နားစခန်း မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြေပြုပြင်နေမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ၈ လိုင်းမှ မော်တော်ယာဉ် ၂၀ စီးဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်တွင်းကြီး၊ အောင်လံမြို့များသို့ ပို့ဆောင် ပေးလျက်ရှိရာ ယခင်က ယာဉ်ရပ်နားစခန်းမရှိသဖြင့် မော်တော်ယာဉ်များ စနစ်တကျ ရပ်နားရန် အခက်အခဲရှိခဲ့ပြီး ယခုဆောင်ရွက်နေသည့် ယာဉ်ရပ်နားစခန်း အကောင်အထည်ဖော်နိုင်ပါက ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)