ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ဆင်ပေါင်ဝဲ-လွန်ချီ-ညံတောအင်း ကျေးရွာချင်းဆက်လမ်း (၄ မိုင်)အား သွားလာရေး ခက်ခဲသဖြင့် ကိုယ့်အားကိုယ်ကိုး တကြောင်းထိုးမြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်း ကြည့်ရှု့စစ်ဆေးရာတွင် ညံတောအင်းကျေးရွာသည် ဆင်ပေါင်ဝဲမြို့သို့ လာရောက်ရန် သမန်းကြီး-လယ်ကျိုး လမ်းမှပတ်၍ လာရခြင်းဖြစ်သောကြောင့်၊ ယခု မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ဆင်ပေါင်ဝဲမြို့သို့ လာရောက်ရန်အတွက် (၁၀)မိုင်ခန့် သက်သာသွားမည်ဖြစ်ပြီး ဆင်ပေါင်ဝဲ-လွန်ချီ-ညံတော အင်းလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြေနီကျောက်စရစ်လမ်း ထည့်သွင်း ရေးဆွဲတင်ပြ၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)