ရေဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရေဖြူ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုဂေါဇွန်းကျေးရွာအုပ်စု၊ သဗြေဇွန်းကျေးရွာတွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော   “ပန်းခင်း စီမံချက်နှင့် ပတ်သတ်၍ သိမှတ်ဖွယ်ရာများ၊ ရှေ့ပြေးလျှောက်လွှာများကို မြို့နယ်လဝကရုံးများ၌   နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့်ကိစ္စများ၊ မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များစသည့် အချက်အလက်များပါဝင်သော “ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပုဂေါဇွန်းကျေးရွာအုပ်စု၊ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ထံက သိရသည်။

ခတ်တာ