ကြာအင်းဆိပ်ကြီးမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကြာအင်းဆိပ်ကြီး     ဒီဇင်ဘာ     ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်ကွာဟမှုများ ကျဉ်းမြောင်းလာစေရေးနှင့် ကျေးလက်ဒေသနေ ဒေသခံ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေရေး ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျလုပ်ကိုင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် VDP စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ VDP စီမံကိန်းလုပ်ငန်းများအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်စေရေး အတွက် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် VDP ကျေးရွာအုပ်စု ကျေးရွာများဖြစ်သည့် တံခွန်တိုင်ကျေးရွာအုပ်စု၊ နန်းသိုင်းထွန်ကျေးရွာ၊ ခလယ်ကျေးရွာအုပ်စု၊ ခလယ်ရွာကြီးကျေးရွာ၊ ထီးဝါးကလူးကျေးရွာအုပ်စု၊ ထီးဝါးကလူး ကျေးရွာ၊ နတ်ချောင်းကမ်းနားအုပ်စု၊ ဝေသာလီ (အနောက်) ကျေးရွာများအား ကျေးရွာ တစ်ရွာလျင် ရန်ပုံငွေကျပ်သိန်း(၁၀၀)စီအား စီမံကိန်းလုပ်ငန်းများဆောင်ရွက် နိုင်စေရေးအတွက် ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကော်မတီဝင်များအား အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး