ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပန်လုံ ဇန်နဝါရီ ၂၂

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို လက်ကိုင်စပီကာဖြင့် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ် တကျတပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင် ရန်၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်စေရန်၊ အသက်အရွယ် အပိုင်းအခြားအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း
သိရသည်။

ပန်လုံပြန်/ဆက်