သတင်းများ

ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ပဉ္စမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Dec 04,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေး သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ (၁) ရက်‌နေ့မှ ဒီဇင်ဘာလ (၃) ရက်‌ နေ့အထိ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
သံတွဲမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) အတွက် အထောက်အကူပြု ကော်မတီဖွဲ့စည်း
Dec 04,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကာ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အထောက်အကူပြု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ (Minbu Solar Power Plant Project)သို့ ကွင်းဆင်း ကြည့်ရှု
Dec 04,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်နှင့်မြို့နယ်မှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ် မင်းလှကျင်း ကျေးရွာအနီးရှိ (Minbu Solar Power Plant Project) ဓာတ်အား ထုတ်လုပ်နေမှုကို ကွင်းဆင်း၍ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Dec 04,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျတ်ဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၄)ရွာတို့အား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်နှင့် ပရိဘောဂ ပစ္စည်းများ လှူဒါန်း
Dec 04,2021
ဧရာ၀တီတိုင်းဒေသကြီးအတွင်း၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာရှိ ရွာပိဋကတ် စာကြည့်တိုက်နှင့် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကံရွာကျေးရွာ စာကြည့်တိုက်နှင့် ညောင်ချောင်းကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်စာစောင်နှင့် ပရိဘောဂ ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စာတိုက်ကုန်း လမ်းရှိ တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ရုံး၌ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ ဒေါ်လန်း-ဘုရားကုန်း ကျေးရွာချင်းဆက် မြေသားလမ်း (၆)ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 04,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ဒေါ်လန်း‌ကျေးရွာအုပ်စု၊ ဒေါ်လန်း-ဘုရားကုန်းကျေးရွာ ရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမိုင်းမြို့တွင် အသက်(၁၂)အထက်  ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ
Dec 04,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ အခြေခံပညာ  စာသင်ကျောင်းများတွင်  ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   (Sinovac) (ပထမအကြိမ်) ထိုးနှံပေးခြင်းကို   ယမန်နေ့ နံနက် ၉ နာရီက စုရပ် နေရာဖြစ်သည့်  လမိုင်းမြို့အ.လ.က(မွန်)ကျောင်း၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
မိုးနဲမြို့ မြို့မဈေး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု
Dec 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ယာယီပိတ်ထားသော မြို့မဈေးကြီးအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီထံမှသိရသည်။