သတင်းများ

ဒေးဒရဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကျင်းပ
Jan 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဘောလုံးနောက်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ရှမ်းရွာသစ်မြို့ မူလတန်းကျောင်းမှ ကျောင်းသား/သူ ကလေးငယ်များနှင့် အတူ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၊ ကျွဲခြံအခြေခံပညာ အထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ ကွင်းဆင်းဆောင်ရွက်ပေး
Jan 22,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကျွဲခြံအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့‌ကြသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလားအခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယမန်နေ့က မြို့နယ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၁၄၃)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(SINOVAC)ထိုးနှံသူ စုစုပေါင်း (၈၆)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ်၌ အသက် (၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍၊  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၃)ရပ်ကွက် စန္ဒမုနိဘုရားဝန်းတွင် အသက် ၁၈နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်‌ဆေးနှင့် ပထမအကြိမ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်
Jan 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် သာပေါင်းမြို့ နယ် YGW ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။