ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို မန်နေ့ မွန်းတည့် ၁၂ နာရီက (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် (ပြန်/ဆက်) ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်ဇာစိုးတို့ တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမိုးက မြို့နယ်အနေဖြင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်း ကောင်း၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် စစ်ဆေးမှုအခြေအနေများအား လည်းကောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာများ တွင် မီးဘေးလုံခြုံရေးစစ်ဆေးမှု အခြေအနေများအား လည်းကောင်းစသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)