အလုံမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆိုင်းဘုတ်စိုက်ထူခြင်း​ဆောင်ရွက်

အလုံ      ဇန်နဝါရီလ     ၂၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယ​နေ့  နံနက်(၉)နာရီချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံ မြို့နယ် ဆင်မင်းရပ်ကွက်၊ အလုံလမ်းမ​ပေါ်ရှိ ခရိုင်ကြက်​ခြေနီ အသင်းကြီး ကြပ်မှု​​ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့  ဆိုင်းဘုတ်တင်ရာတွင်  ကြက်ခြေနီအကြောင်းသိကောင်းစရာ၊အခြေခံမူ(၇)ချက် ကြက်ခြေနီ အသင်းဆောင်ရွက်ချက် များကိုသိရှိပြီး  ကြက်ခြေနီစေတနာလုပ်အားရှင်များ ကူညီဆောင်ရွက်ပေးနေသည့် လူမှုကရုဏာလုပ်ငန်းများကို သိရှိဆက်သွယ် အကူအညီတောင်းခံနိုင်ရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။

ဗီနိုင်းဆိုင်းဘုတ်တင်အခမ်းနားကို ရန်ကုန်တိုင်း​ဒေသကြီးကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၀င် များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်