ကံမ ဇန်နဝါရီ ၂၁
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် ကျောင်းကုန်းလမ်းသွယ်(၁)လမ်း၌ ရေစီးရေလာ ကောင်းမွန်စေရန် အတွက် ကွန်ကရစ်တံတားပြုလုပ်ခြင်းအား ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်သည့် ကွန်ကရစ်တံတားမှာ အရှည် ၁၈ ပေ ၊ အနံ ၃ ပေ၊ အနက် ၃ ပေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)