မောက်မယ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြှိမ်း သတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့နံနက် ၉နာရီက ဌာနဆိုင်ရာ အဆောက်အဦရုံးများနှင့် ဝန်ထမ်းအိမ်ယာများသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးချိပ်မီးကပ်များ ထားရှိခြင်း ရှိ/မရှိ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ထားရှိခြင်းရှိ/မရှိ၊ သဲအိတ်/ရေပုံး/ရေအိတ်များ ထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဗူးများ ထားရှိရေး၊ မီးလောင်မှုများ ဖြစ်ပွားပါကလည်း ဆုံးရှုံးမှု နည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်ရေးတို့အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်