မြင်းခြံ ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ လူတောတိုးဖို့ လူရာဝင်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးအရာရှိဦးထိန်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဌေးစိုး၊ မြင်းခြံခရိုင် ပြန်/ဆက်ရုံးမှ ဝန်ထမ်းများ၊ စာပေချစ်ပြည်သူများက စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ လူတောတိုးဖို့ လူရာဝင်ဖို့ စာအုပ်၏ လူရာဝင်တဲ့ လုပ်ငန်းစွမ်းရည်သတ္တိ၊ သတ္တိရှိမှ လူတော တိုးတယ်/လူရာဝင်တယ်၊ ပညာရှိရင် လူရာဝင် လူဖြစ်ရကျိုးနပ်မယ်ထင်၊ ကိုယ့်အား ကိုယ်ကိုး ကိုယ်ကိုယ်ကို ပြန်စစ်ဆေး၊ အချိန်ကို တန်ဖိုးထားမှ လူရာဝင်မယ်၊ လူရာဝင်အောင် မေတ္တာနှင့် ပေါင်းသင်းပါ စသည့်အကြောင်းအရာ အသီးသီးကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင် ဦးဌေးစိုး၊ ခရိုင်ဦးစီးအရာရှိ ဦးထိန်လင်းနှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)