ချောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယနေ့ နံနက်၁၀နာရီ က ဦးကျော်ဖြိုးဟန် (စာပေချစ်မြတ်နိုးသူ) ဦးဆောင်၍ Youth Club အဖွဲ့များနှင့် စာဖတ်ဝိုင်းပြုလုပ်သည်။
ထို့နောက် ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ယင်းနောက် ဦးကျော်ဖြိုးဟန် (စာပေချစ် မြတ်နိုးသူ)က သုတပဒေသာ အတွဲ(၄၈)၊ အမှတ်(၁၀)ပါ တွဲဖက်ပါမောက္ခ ဦးမြင့်လွင်ရေးသားသည့် ‘‘အပြောင်းအ လဲတစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ပါ" ဆောင်းပါးတွင်ပါရှိသည့် ဘဝအောင်မြင်ပျော်ရွှင်မှု ရရှိရေး ကြိုးစားရုန်းကန်ရာတွင် သေးငယ်တဲ့ယင်ကောင်လေးတစ်ကောင်ဟာ ပြတင်းပေါက် မှန်ချပ်ကို ဖောက်ထွက်ပျံသန်းဖို့ကြိုး စားနေခြင်းဟာမဖြစ်နိုင်သည့်အရာကို ပြင်းပြင်း ထန်ထန် ကြိုးစားနေခြင်းဖြစ်ပြီး အချည်းအနှီးဖြစ်တတ်ကြောင်း၊ ပြင်းပြင်းထန်ထန် ကြိုးစားခြင်းက ပိုမိုအောင်မြင်မှုရရှိဖို့အတွက် အမြဲတမ်းလိုအပ်တဲ့ အဖြေမဟုတ်ကြောင်း အပြင်းအထန်ကြိုးစားမှုအပေါ် မျှော်လင့်ချက် ဖက်တွယ်ထားလျှင် မိမိရဲ့အခွင့်အလမ်းတွေကို ပါဖျက်ဆီးရာရောက်နိုင်သဖြင့် တစ်ခါတစ်ရံမှာ အပြောင်းအလဲတစ်ခုကို ကြိုးစားလုပ်ကြည့်ဖို လိုကြောင်း ဆွေးနွေးမှုအပေါ် တတ်ရောက်လာသည့် Youth Club အဖွဲ့များက အပြန်အလှန် ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)