ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဈေးများတွင် နှာခေါင်းစည်း တပ်ဆင်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် (Mask) အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၂၂

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် နာရီက ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက်ရှိ မြို့မအမှတ် (၁)ဈေးရှေ့တွင် (Mask Campaign) ပြုလုပ်ခဲ့ကြသည်။

ဗီဇပြောင်း(အိုမီခရွန်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စည်ပင်သာယာ ရေးအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများက ဈေးရောင်းဈေးဝယ်ကြသည့် ပြည်သူများအား အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်နှင့် အညီ လိုက်နာနေထိုင်သွားလာကြရန် ပြည်သူများအား အသိပေး နှိုးဆော်ခဲ့ကြပြီး နှာခေါင်းစည်း (Mask) အခုရေ (၅၀၀)ကို ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)