ရေးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ​အေးချမ်းစွာ ပုံမှန်ထုတ်ပေးလျက်ရှိ 

ရေး ဇန်နဝါရီ ၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်  ၈ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့် အညီ  စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။       

ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစား ဝန်ထမ်းပေါင်း ( ၇၀၀)​ကျော်ရှိပြီး ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက် များနှင့်အညီ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် ပါးစပ်နှင့် နှာ​ခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင် လာရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ​ပေခွာ၍ ​စောင့်ဆိုင်းရန်၊ အသက်အရွယ်ကြီးသူများကို ဦးစား​ပေးခြင်းဖြင့် ပူး​ပေါင်း​ဆောင်ရွက်​ပေးကြပါရန် မြန်မာ့စီးပွား​ရေးဘဏ်မန်​နေဂျာ ဦးမြင့်နိုင်မှ​ပြောကြားထားကြောင်း သိရသည်။  

သီမိုး၊ ပြန်/ဆက်