သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါရှိ၊မရှိ အခမဲ့စစ်ဆေး

သံ​ဖြူဇရပ်  ဇန်နဝါရီ  ၂၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊မရှိ ကို  ဇန်နဝါရီ ၁၇ မှ ၂၁ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ သံဖြူဇရပ် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်  အခမဲ့စစ်ဆေးပေးကြောင်း သိရသည်။

သားအိမ်​ခေါင်းကင်ဆာရောဂါစစ်ဆေးပေးခြင်းကို သံဖြူဇရပ်မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  အသက်(၁၈)နှစ်မှ(၆၀)နှစ်အထိ  အမျိုးသမီးများအား စစ်ဆေးပေးမည် ဖြစ်ကြောင်းနှင့် စစ်ဆေးပေးရာတွင် ဦးစားပေးအနေဖြင့် ကျန်းမာ ရေးဝန်ထမ်းနှင့် မိသားစုများ၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူဦးရေ(၁၀၀)အထိ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အေးအေးမွန်