မော်လမြိုင် ဇန်နဝါရီ ၂၂
ကိုဗစ်-၁၉ အပါအဝင် ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့ ညနေပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်လမ်းမကြီးနှင့် ကမ်းနားလမ်းတို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခဲ့သည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲ သစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုသည်ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပိုမိုဖြစ်ပွားမှုများပြီး အာဆီယံ နိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝ ထိခိုက်မှု ပြန်လည်ကုစားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအား ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်၊ ကာကွယ်ဆေးကိုလည်း အကြိမ် ရေ ပြည့်ဝစွာ ထိုးနှံပေးရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)