တာမွေမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တာမွေ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအား အသိဥာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/ သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရေး၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိပြီး မျိုးဆက်သစ် ကျောင်းသား/ သူလေးများ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့မှုများကို မမေ့မလျော့ မှတ်မှတ်ရရရှိစေရန်နှင့် အာဇာနည်တစ်ဦးချင်းစီ၏ လေးစားအားကျ အတုယူစရာအချက်များကို သိရှိနားလည်ပြီး ၎င်းတို့ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားသည့် စိတ်၊ အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)