တောင်တွင်းကြီး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စက်သုံးဆီဆိုင်ကြီးများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာ သုံးစွဲနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်ကြီးများအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထိန်ချန်ရောင်းချခြင်းများ မပြုလုပ်စေရေးကို စစ်ဆေးဆောင်ရွက်သည်။
နောင်နောင် (ဗိဿနိုးမြေ)