မြောက်ဦးမြို့၌ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ

မြောက်ဦး  ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ယနေ့ နံနက် နာရီမှစတင်ကာ အောင်တရပ်ကွက်၊ သင်္ဘောဆိပ်အနီး မြို့တော်ခန်းမ၌  ကိုဗစ်ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်များမှ အသက်(၁၈)နှစ်အထက် ပြည်သူများကို  (Covidshield) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြောက်ဦးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မင်းမင်းစိုး ဦးဆောင်ကာ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ် တားဆီးနိုင်ရန်အတွက် (Covidshield) ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ ပူးပေါင်းကာ  ကာကွယ်ဆေးထိုးနှံ ရန်ရောက်ရှိလာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာဌာနများမှ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းအဖြစ် အသက်(၁၈)နှစ်အထက်ပြည်သူ စုစုပေါင်း (၆၁၆)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)