ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်ပေးလျက်ရှိ

ဟိုင်းကြီးကျွန်း  ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေ ရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  စာရေးသူမြဝင်း(ဒဿန) ရေးသားထားသည့်  “ဇော်ဂျီ၏ရသပညာ” စာအုပ်ဖြင့် စာအုပ်မိတ်ဆက် ခြင်းအစီအစဉ်ကို  ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများ အတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဦးစီးမှူးနှင့် ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသစာအုပ်မိတ်ဆက် အစီအစဉ်၊ ပုံပြင်ပြောခြင်း အစီအစဉ်၊ ကဗျာရွတ်အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးပြီး ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက် Facebook  Page မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်