မြို့သစ်မြို့နယ်တွင် ဇာထိုးပန်းထိုး အခြေခံလက်မှုပညာသင်တန်းဖွင့်လှစ်

မြို့သစ် ဇန်နဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ   လူငယ်လူရွယ်များ အခြေခံအိမ်တွင်းမှု အတတ်ပညာများ   လေ့လာသင်ယူနိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၇ ရက်ကစ၍  မြို့နယ်ပြည်သူ့စာကြည့်တိုက်   လူထုအခြေပြုဗဟိုဌာနတွင် ဇာထိုးပန်းထိုး အခြေခံလက်မှု ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ပိုင်းက တတိယနေ့အဖြစ် ဆက်လက် သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာထိုးပန်းထိုး အခြေခံလက်မှုပညာ သင်တန်းတွင် Youth Club အဖွဲ့ဝင် ဒေါ်ယမင်းခင်မှ သင်တန်းသူ၊ သင်တန်းသားများအား ချည်ဖြင့် ဇာထိုးပန်းထိုးလုပ်ငန်း အမျိုးမျိုးကို စာတွေ့လက် တွေ့သင်ကြားပေးကာ နေ့စဉ်ညနေ နာရီမှ နာရီအထိ သင်တန်းကာလကို တစ်လကြာသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)