ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား၊ Door to Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို၊ ယနေ့နံနက်(၉)နာရီက ညောင်ကန်ဒေါင့်ကျေးရွာအုပ်စု၊ ကြပ်ထောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးငွေမိုးနှင့် ဝန်ထမ်းများသည်၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းများကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက ညောင်ကန်ဒေါင့်အုပ်စု၊ ကြပ်ထောင်ကျေးရွာတွင် “ပြည်သူမလာနိုင်လျှင် ပြည်သူ့ဆီအရောက်သွား” (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်က ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ခြင်းများကို ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုအခြေအ နေနှင့် ကျေးရွာများတွင် သွားရေးလာရေးအခက်အခဲရှိသူများ၊ နာမကျန်းဖြစ်နေသည့် အိမ်ထောင်စုဝင်ရှိသည့်အိမ်များတွင် နိုင်ငံသားကတ်ပြုလုပ်ရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရန် အခက်အခဲများဖြစ်ပေါ်နိုင်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ “ပြည်သူမလာနိုင်လျှင် ပြည်သူ့ဆီအရောက်သွား” (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)