ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များအားလိုက်လံ ဆောင်ရွက်

ရွှေသောင်ယံ   ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ရပ်ကွက်အတွင်း လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါသည် ယခုအခါ၌ ကမ္ဘာ့နိုင်ငံအတော် များများ၌ကူးစက်ပျံ့နှံ့မှုများရှိလာ‌နေပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလာ‌နေပြီဖြစ်သည်။

ထို့ကြောင့် ၎င်းရောဂါသည် ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ထားသူများလည်း ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိမိတို့မြို့ရွာအတွင်းရှိ ပြည်သူ များအထူးဂရုပြု သွားလာနေထိုင်ကြရန် အိမ်ပြင်သို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျ တပ်ဆင်သွားလာ ကြရန်၊ လူစုလူဝေးများတွင် မလွှဲမရှောင်သာ သွားလာနေထိုင်ရပါက (FaceShield)များကိုပါ တပ်ဆင်သွားလာရန်၊ အပြင်ကပြန်လာတိုင်း (Mask) များကို အမှိုက်ပုံးများအတွင်း စနစ်တကျ စွန့်ပြစ်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊လူစုလူဝေးများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ကြရန်၊ ဖျားနာပြီး သံသယရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားကာ ဆေးကုသမှုခံယူရန်၊ ပြည်သူများ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံ ကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်စသည်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်းသိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)