ဆားလင်းကြီးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၈၀၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်

ဆားလင်းကြီး ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက စတင်၍ လူမှုရေးပင်စင်များကို အဘိုးအဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အဘိုးအဘွား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၂)အုပ်စုမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးအဘိုးအဘွား (၈၀၂)ဦးတို့အတွက် ငွေကျပ် (၂၄၀၆၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်များအား ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများထံသို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးတို့မှ တစ်ဆင့် စနစ်တကျ လွှဲပြောင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ဥမ္မာခိုင်