ကျိုက်ထို ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်နှင့် မိသားစုဝင် ငွေတိုးပွားပြီး လူမှုစီးပွားဘဝ မြင့်မားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖြစ်သည့် ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နံနက်၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူး ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသား/ သင်တန်းသူများအား သင်တန်းတွင် အသုံးပြုနိုင်ရန် အထောက်အကူပြု ပစ္စည်းများ အား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းမှာ ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ဆပ်ပြာရည်နှင့် မျက်နှာသစ်ဆပ်ပြာခဲ ပြုလုပ်နည်းများကို နည်းပြဆရာများက ဇန်နဝါရီ (၁၉)ရက်မှ (၂၅)ရက်နေ့ထိ နံနက်(၁၀)နာရီမှ မွန်းလွဲ (၃)နာရီထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)