ကျောက်တံခါး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသား ပြုစုထားသော တာဝန်ကိုယ်စီ ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်အချိန်ကာလတွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သည့် စာဖတ်ပရိသတ်များအတွက် စာပေဗဟုသုတများ ရရှိ စေရန် ရည်ရွယ်ကာ ကျောက်တံခါးမြို့နယ်ရုံးရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း ၊ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း အစီအစဉ်များကို ရိုက်ကူးလျှက် ကျောက်တံခါးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ တစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းစန်း (ပြန်/ဆက်)