မြဝတီ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လည် ၁၁ နာရီအချိန်က ၂၀၂၂ခုနှစ်၊ ဒို့ကျေးရွာဂျာနယ် ဇန်နဝါရီလ (၁၅) ရက်နေ့ထုတ်အတွဲ (၁၉)၊ အမှတ် (၂)တွင် ပါရှိသည့် “ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကြီး ပူးပေါင်းတည်ဆောက်ကြမည်” ခေါင်းစဉ် ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒို့ကျေးရွာဂျာနယ် ၂၀၂၂ခုနှစ်ဇန်နဝါရီလ(၁၅)ရက်နေ့ထုတ်အတွဲ(၁၉)၊အမှတ်(၂)မှ “ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကြီး ပူးပေါင်းတည်ဆောက်ကြမည်” ခေါင်းစဉ်တွင် ပါရှိသည့် အကြောင်းအရာများကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်သီရီချောနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးထိန်လင်းအောင် တို့က ဖတ်ကြားဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့်ဝန်ထမ်းများက သိရရှိလိုသည်များ ကို အပြန်အလှည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)