ကရသူရိ ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အိုမီခရွန်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်တွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အိုမီခရွန်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကို ပူးပေါင်းပါဝင်ပေးကြပါရန်၊ အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း(Mask) ကိုတပ်ဆင်ပါ၊ လက်ကိုမကြာခဏဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပေးပါ၊ လူစု/လူဝေး ရှောင်ကြဉ်ပါ၊ နှာခေါင်းစည်း(Mask)တပ်ဆင်မထားသူများထံမှ ဈေးရောင်း/ ဈေးဝယ်ခြင်းမပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကာကွယ်ဆေး သွားရောက်ထိုးနှံပေးကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို မြို့ပြန်ကြားရေးနှင့်ပြည်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ကလိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)