ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ်(ဒုတိယ)အကြိမ်တွင်ကာကွယ်ဆေးထိုးပြီးသူပေါင်း(၄၇၆၂)ဦးရှိ

ကျောက်ဆည်   ဇန်နဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲက ပဉ္စမအသုတ်(ဒုတိယ) အကြိမ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၄၇၆၂)ဦးရှိကြောင်း သိရှိရသည်။

ပဉ္စအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော်(၄၂)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း(၄)ဦး၊ နိုင်ငံ့ဝန်ထမ်း(၇၄)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၂၉၉)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ကိုင်သူ (၃၃)ဦး၊ ပုဂ္ဂလိကဘဏ်နှင့်ချေးငွေလုပ်ငန်းလုပ်ကိုင်သူ(၆)ဦး၊ ပုဂ္ဂလိ ကပညာရေး ဝန်ထမ်း(၂)ဦး၊ ဝင်ငွေရ လုပ်ငန်းလုပ်ကိုင်သူ(၂၃၇၁)ဦး၊ ပြည်သူ(၁၁၅၂)ဦး၊ မသန်စွမ်းသူ (၁)ဦး၊ ကျောင်းသား/ ကျောင်းသူ(၇၇၈)ဦး စုစုပေါင်း(၄၇၆၂)ဦး ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့တော်ခန်းမတို့တွင် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ပြီး ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)