သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင်သူအချို့  ရော်ဘာကိုင်းများအား  ခုတ်ချရှင်းလင်းပြီး  ကွမ်းသီးပင်များ ပြန်လည်စိုက်ပျိုး

  လိပ်သို   ဇန်နဝါရီ    

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့ သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင် သူ အချို့မှာ ယခင်နှစ်က ရော်ဘာပြားများ ဈေးနှုန်းကျဆင်းခြင်းကြောင့် ရော်ဘာပင်များအား   ခုတ်လှဲရောင်းချခဲ့ကြပြီး   ကွမ်းသီးပင်များ   ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

အချို့သောတောင်သူများမှာ  စိုက်ပျိုးရေးအသိပညာရှိခြင်းကြောင့်  ရော်ဘာတစ်ပင်လုံး ခုတ်လှဲ ရောင်းချ ခြင်းမပြုဘဲ   သင့်လျော်သောအမြင့်ပေ ၂၀ခန့်တွင်  ရော်ဘာကိုင်းများအား  ခုတ်ချ ရှင်းလင်းပြီး  ထင်းအဖြစ် သုံးစွဲကြသည်။  ထိုသို့ခုတ်လှဲရှင်းလင်းခြင်းဖြင့်  အလင်းရောင်နှင့် နေရောင်ခြည်ကောင်းစွာ ရရှိလာသော  ရော်ဘာပင်များအကြား   ကွမ်းသီးပင်များကို စိုက်ပျိုး ကြပြီး    ကျန်ရှိသောရော်ဘာပင် ကတုံးများအား   အစေးလှီးခြင်း၊ ရော်ဘာပြား  ထုတ်လုပ်ခြင်းများ  လုပ်ကိုင်လျက်ရှိသည်။

ယခုအခါ  ခုတ်ထွင်ရှင်းလင်းခံရသော  ရော်ဘာကတုံးပင်များမှ  ကိုင်းသစ်များပြန်လည်ထွက် ရှိလာသောကြောင့် နွေရာသီတွင် ကွမ်းသီးပင်များအတွက်အရိပ်ရသည့်အပြင် ရော်ဘာ အစေးလှီးခြင်းလုပ်ငန်းအား  ဆက်လက်ဆောင်ရွက်နိုင်သောကြောင့်  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့(ပြန်/ဆက်)