အမာမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး

အမာ    ဇန်နဝါရီ     ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးခန်း၌  အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား  COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် နာရီတွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် COVID Shield အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးပြီး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။