သတင်းများ

လိပ်သိုမြို့တွင်   ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက   ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  သွားလာရန် အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်
Dec 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်   ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  သွားလာရန်အသိပညာ ပေးနှိုးဆော်မှုများ အရှိန် အဟုန်မြှင့်  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက   လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက     မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက် ၁၁ နာရီက မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား Quarantine (၁၀)ရက်ပြည့်၍ မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး
Dec 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြား နိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစင်တာတွင် ထားရှိ၍ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓာတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 06,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူ များအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူ များအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်မှ ငရုစိုက်တောင်သူများ ဈေးကောင်းမရသော်လည်း အထွက်နှုန်း ကောင်း၍ အဆင်ပြေ
Dec 06,2021
မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက် တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်းမရသော်လည်း အထွက်နှုန်းကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ရေတွင်း ကုန်းကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။
မိုးညှင်းမြို့၌ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများဆောင်ရွက်
Dec 06,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများကို ယနေ့ နံနက်(၉)နာရီတွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ (ဧရာမင်း) ဧက(၁၀၀)အထူးဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်၊ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး
Dec 06,2021
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ(ဧရာမင်း)ဧက(၁၀၀)အထူး ဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အထူးဇုန်စံပြစိုက်ခင်း၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ၊ မိုးစပါး(ဧရာမင်း) ဧက(၁၀၀) အထူးဇုန်စံပြစိုက်ခင်း စိုက်ပျိုး ဆောင်ရွက်မှု အခြေအနေနှင့် စံကွက်ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများအား တောင်သူကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။