တောင်ကြီး ဇန်နဝါရီ ၂၅
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင် ပါရှိသော အချက်အလက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသော တိုင်းရင်းသားကိုယ်စားလှယ်များ၏ အတ္ထုပ္ပတ္တိများ၊ ဆောင်ပုဒ်များ၊ ကဗျာများကို နံရံကပ်စာစောင်များဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်ခြင်းနှင့် ပြည်သူများ စာပေဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသပေးခဲ့သည်။
အဆိုပါပြပွဲသို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက တက်ရောက်ကြည့်ရှု လေ့လာခဲ့ကြ ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ် ၇ ခုနှင့် သုတ၊ ရသ စာအုပ်ပေါင်း ၂၀၀ ကျော်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း