အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စု နေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို စာရေးဆရာ ရန်နောင်(ပညာရေး)က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြော ခဲ့သည်။ အဆိုပါ ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲကို Online မှတစ်ဆင့် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)