ပြည် ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများစာအုပ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ပထမဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးအောင်ကိုသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသည့် မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ စာအုပ်မှ "မိမိကိုယ်ကိုကောင်းအောင် ကြိုးစားရမည်"၊ "ကိုယ်ပိုင်အသိ၊ ခံစားချက်၊ ဆုံးဖြတ်ချက်နှင့် ဘဝကိုတည်ဆောက်စို့"၊ လူငယ်များနဲ့ ထားရှိရမယ့်စိတ်ဓာတ်"၊ ကျန်းမာရေးနဲ့ လူ့စိတ်"၊ ပညာနဲ့လူ လူနှင့်ပညာ အစရှိသော ခေါင်းစဉ်ပါ သုတ/ရသ စာပေအကြောင်းအရာများကို ခရိုင်ပြန်/ဆက်ဝန်ထမ်းများနှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်၏ စာဖတ်ပရိတ်သတ် စာပေဝါသနာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး စာပေဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်၊ အလေ့အထ ကောင်းများနှင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်ချက်ဖြင့် ခရိုင်ပြန်/ဆက်ရုံး၌ အလားတူ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)