ပုလောမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်များ လိုက်လံအသိပေး နှိုးဆော်

ပုလော  ဇန်နဝါရီလ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက ပုလောမြို့နယ်တွင်  အသံတိတ်၊ အသံထွက် သပိတ်များ မပြုလုပ်ကြရန် ယမန်နေ့ ညနေ ၂ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ  အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်များကို လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။   

ထိုသို့ အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ချက်များ နှိုးဆော်ရာတွင်  ပြည်သူများ အား အသံတိတ် သပိတ်ပြုလုပ်သည့်အနေဖြင့် ဈေးဆိုင်များပိတ်ခြင်းမပြုလုပ်ကြရန်၊ အသံထွက်သပိတ်မ ပြုလုပ်ကြရန်၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်နွယ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှုဝါဒ ဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှု များပြု လုပ်ခြင်း လှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ရာဇသတ်သတ်ကြီး ဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေများဖြင့် အရေးယူပြီးပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်းလိုက်လံ အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော)