နတ်မောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံ ချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ထနောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန့်စင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကွင်းကြီးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက် ပြုလုပ်သူ ကျား(၅၂)ဦး၊ မ(၅၂)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၄)ဦး၊ မ (၅)ဦး၊ စုစုပေါင်း (၁၁၃) ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများရှိဒေသခံပြည်သူများ၊ အရောက်လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးမျိုးတင့်ထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်