ကျောက်မဲမြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (အကြို) အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်မဲ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဟောပြောပွဲတွင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းသိန်းက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုး‌ ကျေးဇူးတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ပြပွဲ တွင်  ပြည်ထောင်စုနေ့ဆိုင်ရာ စာအုပ်များ၊ သုတ/ရသ ဆိုင်ရာ စာအုပ်စာစောင်များ ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ ‌အမှတ် ၃ အခြေခံပညာ ကျောင်းမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)