ဇေယျာသီရိ ဇန်နဝါရီ ၂၇
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြစန်းရီနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့မှ ကလေးအလုပ်သမားဆိုတာ ဘယ်သူ တွေကိုခေါ်တာလဲ၊ ကလေးအလုပ်သမားပပျောက်ရေးက ဘာကြောင့် အရေးကြီးတာဘာလဲ၊ ဘာကြောင့်ကလေးအလုပ်သမားတွေ ရှိနေရတာလဲ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား တွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်း စေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊ ကလေးတွေကို အကာ အကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားတွေ လျှော့ချဖို့ ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)